ရာဇဝင်ချုပ်ဒုတိယစောင် 4:3-4
3
ရေကန်အနားပတ်အောက်ပတ်လည်၌ ဘူးသီး ရုပ်များ၊ အတောင်တထောင်တွင် ဆယ်လုံးစီစေ့အောင်၊ ဘူးသီးရုပ်နှစ်ပတ်ကို ရေကန်နှင့်တစပ်တည်း သွန်းလေ ၏။
4
နွားတဆယ်နှစ်ခုပေါ်မှာ တည်လျက်ရှိ၏။ နွားတို့သည် အတွင်းသို့ နောက်ခိုင်း၍ အရှေ့အနောက် တောင်မြောက်အရပ်လေးမျက်နှာသို့ တမျက်နှာလျှင် သုံးခုစီမျက်နှာပြုကြ၏။