အကြောင်းအရာသို့ ကျော်သွားရန်
ရာဇဝင်ချုပ်ဒုတိယစောင် 33:21-25

အာမုန်၏ တိုတောင်းသော ဆိုးညစ်သည့် နန်းစံခြင်း

ရာဇဝင်ချုပ်ဒုတိယစောင် 33:21-25
21
အာမုန်သည် အသက်နှစ်ဆယ်နှစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ နှစ်နှစ်စိုးစံလေ၏။
22
ထိုမင်းသည် ခမည်းတော်မနာရှေပြုသကဲ့သို့ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ ခမည်းတော် လုပ်သော ရုပ်တုဆင်းတုရှိသမျှတို့အား ယဇ်ပူဇော်၍ ဝတ်ပြု၏။
23
ခမည်းတော်သည် ထာဝရဘုရားရှေ့တော်၌ ကိုယ်ကိုနှိမ့်ချသကဲ့ သို့ မနှိမ့်ချဘဲအထူးသဖြင့် ပြစ်မှား၏။
24
မိမိကျွန်တို့သည် သင်းဖွဲ့၍ နန်းတော်၌ လုပ်ကြံ ကြ၏။
25
အားမုန်မင်းကြီး တဘက်၌သင်းဖွဲ့သောသူ အပေါင်းတို့ကို၊ ပြည်သူပြည်သားတို့သည် ကွပ်မျက်၍၊ သားတော်ယောရှိကို ခမည်းတော်အရာ၌နန်းတင်ကြ၏။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options