ရာဇဝင်ချုပ်ဒုတိယစောင် 17:3-9
3
ခမည်းတော်သည် အရင်လိုက်သောလမ်းသို့၊ ယောရှဖတ်လိုက်လျက်၊
4
ဗာလဘုရားတို့ကို မဆည်းကပ်၊ ခမည်းတော်၏ ဘုရားသခင်ကိုသာ ဆည်းကပ်သဖြင့်၊ ဣသရေလအမျိုး ၏ ထုံးစံကိုရှောင်၍၊ ပညတ်တရားတော်ကို ကျင့်သော ကြောင့်၊ ထာဝရဘုရားသည် စောင့်မ၍၊
5
နိုင်ငံတော်ကိုယောရှဖတ်လက်၌ တည်စေတော် မူသဖြင့်၊ ယုဒပြည်သားအပေါင်းတို့သည် လက်ဆောင် များကို ဆောင်ခဲ့ကြ၏။
6
ဂုဏ်အသရေနှင့် စည်းစိမ်ဥစ္စာများသော်လည်း၊ ထာဝရဘုရား၏ တရားလမ်းတို့၌ စိတ်စွဲလမ်း၍၊ မြင့် သောအရပ်နှင့် အာရှရပင်တို့ကို ယုဒပြည်မှ ပယ်ရှား တော်မူ၏။
7
နန်းစံသုံးနှစ်တွင်၊ ယုဒမြို့ အရပ်ရပ်၌ သွန်သင် စေခြင်းငှါ၊ မှူးမတ် ဗင်ဟဲလ၊ ဩဗဒိ၊ ဇာခရိ၊ နာသနေလ၊ မိက္ခာယတို့ကို၎င်း၊
8
လေဝိသားရှေမာယ၊ နေသနိ၊ ဇေဗဒိ၊ အာသ ဟေလ၊ ရှေမိရမုတ်၊ ယောနသန်၊ အဒေါနိယ၊ တောဘိယ၊ တောဘ၊ ဒေါနိယတို့ကို၎င်း၊ ယဇ်ပုရောဟိတ်ဧလိ ရှမာနှင့် ယောရံကို၎င်း၊ စေလွှတ်တော်မူ၏။
9
ထိုသူတို့သည် ယုဒပြည်၌ဩဝါဒပေး၍၊ ထာဝရ ဘုရား၏ ပညတ္တိကျမ်းပါလျက်၊ ယုဒမြို့အရပ်ရပ်တို့တွင်၊ လှည့်လည်သဖြင့်၊ ပြည်သားတို့ကို သွန်သင်ကြ၏။
Settings