တိမောသေဩဝါဒစာပဌမစောင် 5:24-25
24
အချို့သော သူတို့၏ဒုစရိုက်သည် ရှေ့မဆွကထင်ရှား၍၊ အပြစ်စီရင်ခြင်းသို့ အရင်အဦးသွားတတ်၏။ အချို့သောသူတို့၏ ဒုစရိုက်သည် နောက်သို့လိုက်တတ်၏။
25
ထိုနည်းတူ၊ အချို့သောသူတို့၏ သုစရိုက်သည် ထင်ရှားနှင့်တတ်၏။ မထင်ရှားသေးသော သုစရိုက်ကို လည်း ဝှက်၍မထားနိုင်။