ဓမ္မရာဇဝင်ပဌမစောင် 9:25-27
25
ထိုသူတို့သည် မြင့်သောအရပ်မှဆင်း၍ မြို့ထဲသို့ဝင်ပြီးလျှင်၊ ရှမွေလနှင့်ရှောလုတို့သည် အိမ်မိုးပေါ် မှာ စကားပြောလျက် နေကြ၏။
26
နံနက်စောစောထ၍ မိုဃ်းလင်းသောအခါ၊ ရှမွေလက၊ ထလော့။ သင့်ကို ငါလွှတ်လိုက်မည်ဟု ရှော လုကို အိမ်မိုးပေါ်မှာ ခေါ်ပြီးလျှင်၊ ရှောလုသည် ထ၍ ထိုသူနှစ်ယောက်တို့သည် ထွက်သွားကြ၏။
27
မြို့စွန်းသို့ ရောက်သောအခါ ရှမွေလက၊ သင်၏ ငယ်သားကို ရှေ့သို့သွားစေခြင်းငှါ ပြောတော့ဟု ရှောလုအားဆိုသဖြင့်၊ ငယ်သားသည် ရှေ့သို့သွားလေ၏။ ရှမွေလကလည်း ရပ်နေတော့။ ဘုရား သခင်၏ အမိန့်တော်ကို ငါပြန်မည်ဟုဆိုလျက်၊
Settings