ဓမ္မရာဇဝင်ပဌမစောင် 2:20-21
20
တရံရောအခါ၊ ဧလိက၊ သင်သည် ထာဝရဘုရား၌ ငှါးထားသော သားအတွက်၊ ဤမိန်းမတွင် အမျိုး အနွှယ်ကို ပေးတော်မူပါစေသောဟု ဧလကာနလင်မယားကို ကောင်းကြီးပေး၏။ ထိုသူတို့သည် နေရာ အိမ်သို့ ပြန်သွားသောနောက်၊
21
ထာဝရဘုရားသည် ဟန္နကို အကြည့်အရှုကြွတော်မူသဖြင့်၊ သူသည် ပဋိသန္ဓေယူ၍၊ သားသုံးယောက်၊ သမီးနှစ်ယောက်တို့ကို ဘွားမြင်လေ၏။ သူငယ်ရှမွေလသည် ထာဝရဘုရားရှေ့တော်၌ ကြီးပွား သတည်း။
Settings