ရှင်ယောဟန်ဩဝါဒစာပဌမစောင် 2:23-24
23
သားတော်ကိုငြင်းပယ်သောသူမည်သည်ကား၊ ခမည်းတော်ကိုမသိ။ သားတော်ကို ဝန်ခံသောသူ မည်သည်ကား၊ ခမည်းတော်ကိုသိ၏။
24
ထိုကြောင့်၊ သင်တို့သည် ရှေ့ဦးစွာကပင် ကြားရသော ဒေသနာကို သင်တို့၌ တည်စေကြလော့။ ထိုဒေသနာသည် သင်တို့၌တည်လျှင်၊ သင်တို့သည် သားတော်၌၎င်း၊ ခမည်းတော်၌၎င်း၊ တည်ရကြလိမ့်မည်။
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်
Settings