Skip to content
ကောရိန္သုဩဝါဒစာပဌမစောင် 11:29-32

ကောရိန္သုဩဝါဒစာပဌမစောင် 11:29-32

29
အကြောင်းမူကား၊ မထိုက်မတန်ဘဲ စားသောက် သောသူသည် သခင်ဘုရား၏ ကိုယ်တော်ကို ပိုင်းခြား၍ မသိသောကြောင့်၊ မိမိအပေါ်သို့ အပြစ်ရောက်စေခြင်းငှါ စားသောက်သောသူဖြစ်၏။
30
ထိုအကြောင်းကြောင့်၊ သင်တို့တွင် အားနည်းသောသူ၊ မကျန်းမမာသော သူအများရှိကြ၏။ သေသော သူအများလည်း ရှိကြ၏။
31
ငါတို့သည် ကိုယ်ကိုကိုယ် စစ်ကြောစီရင်လျှင်၊ စစ်ကြော စီရင်တော်မူခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။
32
စစ်ကြောစီရင်တော်မူခြင်းကို ခံရကြသောအခါ၊ လောကီသားတို့နှင့်အတူ အပြစ်စီရင်ခြင်းနှင့် ကင်းလွတ် မည်အကြောင်း ဆုံးမတော်မူခြင်းကို ခံရကြ၏။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options