ရာဇဝင်ချုပ်ပဌမစောင် 1:34-37
34
အာဗြဟံသား ကားဣဇာက်၊ ဣဇာက်သားကား ဧသောနှင့် ဣသရေလတည်း။
35
ဧသောသားကား ဧလိဖတ်၊ ရွေလ၊ ယုရှ၊ ယာလံ၊ ကောရတည်း။
36
ဧလိဖတ်သားကား တေမန်၊ ဩမရ၊ ဇေပေါ်၊ ဂါတံ၊ ကေနတ်မှစ၍ တိမနတွင် ရသောသား အာမ လက်တည်း။
37
ရွေလသားကား နာဟတ် ဇေရ၊ ရှမ္မ၊ မိဇ္ဇတည်း။