Thumb အကြောင်း ကျမ်းစာအခန်းငယ်များ: Of prisoners cut off
Of prisoners cut off အကြောင်း အခန်းငယ်များ
အဒေါနိဗေဇက်သည် ပြေးလေ၏။ ယုဒလူတို့သည် လိုက်၍ ဘမ်းမိပြီးလျှင် လက်မ၊ ခြေမတို့ကို ဖြတ်ကြ၏။
အဒေါနိဗေဇက်ကလည်း၊ လက်မနှင့် ခြေမဖြတ်သော မင်းကြီးခုနစ်ဆယ်တို့သည်၊ အထက်က ငါ့စားပွဲအောက်၌ စားနုပ်စားပေါက်ကို ကောက်၍ စားရကြ၏။ ငါ ပြုဘူးသည်အတိုင်း၊ ဘုရားသခင် သည် ငါ၌ အပြစ်ပေးတော်မူပြီဟု ဆို၏။ထိုမင်းကို ယေရုရှလင်မြို့သို့ ပို့၍ သူသည် ထိုမြို့မှာ သေလေ၏။