အကြောင်းအရာသို့ ကျော်သွားရန်

Thessalonica အကြောင်း ကျမ်းစာအခန်းငယ်များ: People of, persecute Paul

6 အခန်းငယ် · 5 ရှုထောင့်

People of, persecute Paul အကြောင်း အခန်းငယ်များ

  1. ယုဒလူတို့သည် ဆိုးယုတ်လျှပ်ပေါ်သော သူအချို့တို့ကို ခေါ်၍ လူများကို စုဝေးစေပြီးလျှင်၊ မြို့၌ အုတ်အုတ်သဲသဲပြုကြ၏။ ယာသုန်၏ အိမ်ကိုဝိုင်း၍ သူတို့ကို လူများရှေ့သို့ဆွဲထုတ်ခြင်းငှါရှာကြ၏။

  2. မတွေ့လျှင်၊ ယာသုန်နှင့်ညီအစ်ကိုအချို့တို့ကို မင်းအရာရှိ တို့ထံသို့ဆွဲငင်၍၊ လောကီနိုင်ငံကို မှောက်လှန်သော ဤသူတို့သည် ဤအရပ်တိုင်အောင် ရောက်ကြပါပြီ။

  3. ယာသုန်သည်လည်း သူတို့ကို လက်ခံပါပြီ။ ထို သူအပေါင်းတို့သည် ကဲသာဘုရင်၏ အမိန့်တော်ကို ဆန့်ကျင်ဘက်ပြု၍၊ ယေရှုအမည် ရှိသော ရှင်ဘုရင်တပါး ရှိသည်ဆိုတတ်ပါ၏ဟု ဟစ်ကြော်လျက်၊

  4. မင်းအရာရှိမှစ၍ စုဝေးသောသူတို့၏ စိတ်ကို ထိုသို့သော စကားအားဖြင့် နှောင့်ရှက်ကြ၏။

  5. ဗေရိမြို့သားတို့သည် သက်သာ လောနိတ်မြို့ သားတို့ထက် ထူးမြတ်သဖြင့်၊ အလွန်ကြည်ညိုသော စေတနာစိတ်နှင့် နှုတ်ကပတ်တရားတော်ကိုခံယူ၍ မှန်သည်မမှန်သည်ကိုသိခြင်းငှါ၊ ကျမ်းစာကိုနေ့တိုင်း အစဉ်စေ့စေ့ကြည့်ရှုကြ၏။

  6. ပေါလုသည် ဗေရိမြို့၌ ဘုရားသခင်၏ နှုတ်က ပတ်တရားတော်ကိုဟောပြောသည်ကို၊ သက်သာလော နိတ်မြို့သားဖြစ်သော ယုဒလူ တို့သည် ကြားသိရလျှင်၊ ဗေရိမြို့သို့လာပြန်၍ လူများတို့ကို တိုက်တွန်း နှိုးဆော် ကြ၏။