အကြောင်းအရာသို့ ကျော်သွားရန်

The Death of Christ အကြောင်း ကျမ်းစာအခန်းငယ်များ: Emblematical of the death to sin

6 အခန်းငယ် · 19 ရှုထောင့်

"The Death of Christ" ကို ရှာဖွေရန်

Emblematical of the death to sin အကြောင်း အခန်းငယ်များ

  1. ယေရှုခရစ်၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံကြသည်ဟု သင်တို့ မသိသလော။

  2. ထိုကြောင့်၊ အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံသောအားဖြင့်၊ ထိုသခင်နှင့် အတူသင်္ဂြိုဟ်ခြင်းကို ခံကြ၏။ အကြောင်းမူကား၊ ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှထမြောက်တော် မူသည်နည်းတူ၊ ငါတို့သည်လည်း အသစ်သောအသက်၌ ကျင်လည်ရကြသတည်း။

  3. တနည်းကား၊ အသေခံတော်မူခြင်း၏ ပုံသဏ္ဌာန်ကိုဆောင်၍၊ ထိုသခင်နှင့်အတူ ငါတို့သည် စိုက်ပျိုးလျက်ရှိသည် မှန်လျှင်၊ ထမြောက်တော်မူခြင်း၏ ပုံသဏ္ဌာန်ကိုဆောင်၍ စိုက်ပျိုးလျက်ရှိကြလိမ့်မည်။

  4. ထိုမှတပါး၊ ငါတို့၏လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကို ခံပြီဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ငါတို့သည် နောက်မှ အပြစ်တရား၏အစေကို မခံစေခြင်းငှါ၊ အပြစ်တရား၏ ကိုယ်ကို ဖျက်ဆီးမည်အကြောင်းတည်း။

  5. သေသောသူသည် အပြစ်တရား၏ လက်မှ လွတ်လျက်ရှိ၏။

  6. ခရစ်တော်သည် သေခြင်းမှထမြောက်သောအခါ၊ သေခြင်းနှင့် အစဉ်ကင်းလွတ်တော်မူ၏။