Supererogation အကြောင်း ကျမ်းစာအခန်းငယ်များ: The doctrine of excessive and meritorious righteousness.
The doctrine of excessive and meritorious righteousness. အကြောင်း အခန်းငယ်များ
သို့ဖြစ်၍၊ အချင်းလူသား၊ သင်၏အမျိုးသား ချင်းတို့အား ဟောပြောရမည်မှာ၊ ဖြောင့်မတ်သော သူသည် ဖေါက်ပြန်လျှင်၊ အရင်ဖြောင့်မတ်ခြင်း အမှုသည် သူ့ကို ကယ်တင်ရမည်မဟုတ်။ ဆိုးသောသူသည် ဆိုးသောအမှုကိုရှောင်လျှင်၊ အရင်ဆိုးသောအမှုကြောင့် ပျက်စီးခြင်းသို့ ရောက်ရမည်မဟုတ်။ ဖြောင့်မတ်သော သူသည်ပြစ်မှားသောနေ့၌ အသက်ရှင်ရသော အခွင့် မရှိရ။
ဖြောင့်မတ်သောသူသည် စင်စစ်အသက်ရှင်ရ လိမ့်မည်ဟု ငါဆိုသော်လည်း၊ သူသည် မိမိဖြောင့်မတ် ခြင်းကို ကိုးစား၍ ဒုစရိုက်ကိုပြုမိလျှင်၊ အရင်ဖြောင့်မတ် ခြင်း အမှုတစုံတခုကိုမျှ မအောက်မေ့ရ။ ပြုမိသော ဒုစရိုက်ကြောင့် အသေခံရလိမ့်မည်။
ထိုနည်းတူမှာ ထားတော်မူသမျှတို့ကို သင်တို့သည် ကျင့်ပြီးမှ၊ ငါတို့သည် သခင်၌ ကျေးဇူးပြုသော အစေအပါးဖြစ်သည်မဟုတ်။ ဝတ်ပြေရုံမျှသာရှိသည်ဟု ဝန်ခံကြလော့ဟု မိန့်တော်မူ၏။