Sign အကြောင်း ကျမ်းစာအခန်းငယ်များ: Given to Jeroboam
Given to Jeroboam အကြောင်း အခန်းငယ်များ
ထိုနေ့ခြင်းတွင် ပုပ္ပနိမိတ်ကိုလည်း ပေး၍ ထာဝရဘုရားမိန့်တော်မူသော ပုပ္ပနိမိတ်ဟူမူကား၊ ယဇ် ပလ္လင်သည် ကွဲ၍ပလ္လင်ပေါ်မှာရှိသော ပြာလည်း ယိုကျလိမ့်မည်ဟု ဟောလေ၏။
ထိုသို့ ဘုရားသခင်၏ လူသည် ဗေသလမြို့ ယဇ်ပလ္လင်တဘက်၌ ကြွေးကြော်သော စကားကို ယေရောဗောင်မင်းကြီးသည် ကြားလျှင်၊ ယဇ်ပလ္လင်ပေါ်မှာရှိသော မိမိလက်ကိုဆန့်၍ ထိုသူကို ဘမ်းဆီးကြဟုဆို လျက်၊ ဆန့်သောလက်သည် သွေ့ခြောက်၍ နောက်တဖန် မရုပ်နိုင်။
ဘုရားသခင်၏ လူသည်ထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း ပေးသောပုပ္ပနိမိတ်နှင့်အညီ ယဇ် ပလ္လင်ကွဲ၍၊ ပြာသည်လည်း ပလ္လင်ပေါ်က ယိုကျလေ၏။