Pestilence အကြောင်း ကျမ်းစာအခန်းငယ်များ: Sent as a judgment
Sent as a judgment အကြောင်း အခန်းငယ်များ
သင်တို့၌ ငါပြုလတံ့သောအမှုဟူမူကား၊ သင်တို့၌ မျက်စိပျက်လျက်၊ စိတ်ပူပန်လျက် ရှိစေခြင်းငှါ၊ ထိတ်လန့်သော သဘော၊ တူလာ၊ ဖျားနာတို့ကို သင်တို့အပေါ်မှာ ငါခန့်ထားမည်။ သင်တို့သည် မျိုးစေ့ကို ကြဲသော်လည်း အကျိုးမရှိ။ ရန်သူတို့သည် အသီးအနှံကို စားကြလိမ့်မည်။
ငါ့ပဋိညာဉ်ဘက်၌ နေ၍၊ တရားစီရင်ရသော ထားဘေးကိုသင်တို့အပေါ်မှာ ငါသက်ရောက်စေမည်။ သင်တို့သည် မြို့ထဲ၌၊ စုဝေးသောအခါ၊ ကာလနာဘေးကို ငါစေလွတ်၍၊ ရန်သူလက်သို့ ရောက်စေမည်။