Angels အကြောင်း ကျမ်းစာအခန်းငယ်များ: Execute the purposes of God
Execute the purposes of God အကြောင်း အခန်းငယ်များ
တောမျိုးစေ့ကိုကြဲသောရန်သူကား မာရ်နတ်ဖြစ်၏။ စပါးရိတ်သောကာလကား ဤကမ္ဘာကုန်သော ကာလဖြစ်၏။ စပါးရိတ်သောသူကား ကောင်းကင်တမန်ဖြစ်၏။
တောပင်တို့ကိုရွေးနှုတ်၍ မီးရှို့သကဲ့သို့ ဤကမ္ဘာအဆုံး၌ဖြစ်လတံ့။
လူသားသည် မိမိကောင်းကင်တမန်တို့ကိုစေလွှတ်ပြီးလျှင်၊ မှားယွင်းစေသောသူတို့နှင့် မတရားသော အမှုကို ပြုသောသူရှိသမျှတို့ကို နိုင်ငံတော်ထဲကရွေးနှုတ်၍၊
ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ မီးဖို၌ချကြလတံ့။