အကြောင်းအရာသို့ ကျော်သွားရန်

Shallum

5 အခန်းငယ် · 1 မိသားစုဝင်

Shallum ကို ဖော်ပြသော အခန်းငယ်များ

  1. တံခါးစောင့်မူကား ရှလ္လုံ့၊ အက္ကုပ်၊ တာလမုန်၊ အဟိမန်အစရှိသော ညီအစ်ကိုတစု၊

  2. ကောရသိ အဆွေအမျိုး၊ ကောရ၊ ဧဗျာသပ်၊ ကောရတို့မှ ဆင်းသက်သော ရှလ္လုံနှင့်မိမိညီတို့သည် အမှုတော်စောင့်ရာတွင် တဲတော်တံခါးစောင့်ဖြစ်ကြ၏။ အဘတို့သည် ထာဝရဘုရား၏ ဗိုလ်ခြေတပ်ချရာတွင် တဲတော်ဦးစောင့်ဖြစ်ကြ၏။

  3. လေဝိသား၊ ကောရသိအဆွေအမျိုးဖြစ်သော ရှလ္လုံ၏သားဦး မတ္တိသိသည် သံပြားဖြင့်ဖုတ်သော မုန့်မျိုး ကို စောင့်ရ၏။

  4. တံခါးစောင့်အမျိုးသားတည်းဟူသော ရှလ္လုံအမျိုးသား၊ အာတာအမျိုးသား၊ တာလမုန်အမျိုးသား၊ အက္ကုပ်အမျိုးသား၊ ဟတိတအမျိုးသား၊ ရှောဗဲအမျိုးသား အပေါင်း တရာသုံးဆယ်ကိုးယောက်တည်း။

  5. တံခါးစောင့် ရှလ္လုံအမျိုးသား၊ အာတာအမျိုး သား၊ တာလမုန်အမျိုးသား၊ အက္ကုပ်အမျိုးသား၊ ဟတိတ အမျိုးသား၊ ရှောဗဲအမျိုးသားပေါင်း တရာသုံးဆယ်ရှစ် ယောက်တည်း။