အကြောင်းအရာသို့ ကျော်သွားရန်

Diana

5 အခန်းငယ်

Diana ကို ဖော်ပြသော အခန်းငယ်များ

  1. ဒေမေတရိအမည်ရှိသော ပန်းထိမ်သမားတယောက်သည် အာတေမိနတ်သမီး၏ ငွေဗိမာန်ငယ် တို့ကို လုပ်သဖြင့်၊ ပန်းထိမ်သမား တို့အားစီးပွားများ ကိုပြုတတ်၏။

  2. ထိုသို့လူများတို့သည် ငါတို့၏အတတ်ကို ကဲ့ရဲ့သည်သာမက၊ ကြီးမြတ်သောနတ်သမီးအာတေမိ၏ ဗိမာန်တော်ကို ပမာဏမပြုသဖြင့်၊ အာရှိပြည် တရှောက် လုံးမှစ၍ လောကီနိုင်ငံသားတို့ ကိုးကွယ်သောဘုန်း အသရေတော်သည် ပျက်စီးခြင်းသို့ရောက်မည်ကို စိုးရိမ်စရာအကြောင်း ရှိပါသည်ဟု ပြောဆို၏။

  3. ထိုစကားကိုကြားလျှင်၊ ထိုသူတို့သည် ဒေါသအမျက်နှင့် ပြည့်သဖြင့်၊ ဧဖက်လူတို့၏ အာတေမိသည် ကြီးမြတ်တော်မူ၏ဟု အော်ဟစ်ကြ၏။

  4. သူသည်ယုဒလူဖြစ်သည်ကို သိကြလျှင်၊ ဧဖက်လူတို့၏ အာတေမိသည် ကြီးမြတ်တော်မူ၏ဟု နှစ်နာရီ ခန့်မျှလောက် လူအပေါင်း တို့သည် တသံတည်းနှင့် ဟစ်ကြ၏။

  5. မြို့စာရေးသည် လူများကိုတိတ်စေပြီးလျှင်၊ ဧဖက်လူတို့၊ ဧဖက်မြို့သည် ဇုသဘုရားထံမှ ကျသော ရုပ်တုတော်တည်းဟူသော ကြီးမြတ်တော်မူသော အာတေမိကို လုပ်ကျွေးသောဘုရားကျွန်ဖြစ်သည် ကို မသိသော သူတစုံတယောက်ရှိသလော။