ဆာလံကျမ်း 102:12-14
12
အိုထာဝရဘုရား၊ ကိုယ်တော်သည် နိစ္စထာဝရ ဖြစ်တော်မူ၏။ နာမတော်သည် ကာလအစဉ်အဆက် တည်ပါ၏။
13
ထတော်မူပါ။ ဇိအုန်မြို့ကို သနားတော်မူပါ။ ဇိအုန်မြို့ကို ကယ်မသနားရသောအချိန်၊ ချိန်းချက်တော် မူသော အချိန်ရောက်ပါပြီ။
14
ကိုယ်တော်၏ ကျွန်တို့သည် ထိုမြို့၏ ကျောက်ခဲ တို့ကိုပင် နှစ်သက်၍၊ သူ၏မြေမှုန့်ကိုပင် စုံမက်ကြပါ၏။