Skip to content
ဟေရှာယအနာဂတ္တိကျမ်း 5:13-15

အသိပညာမရှိသောကြောင့် သိမ်းသွားခြင်း

ဟေရှာယအနာဂတ္တိကျမ်း 5:13-15
13
ထိုကြောင့် ငါ၏လူတို့သည် ပညာမရှိ၊ ဘမ်းဆီး သိမ်းသွားခြင်းကို ခံရကြ၏။ မှူးမတ်တို့သည် မွတ်သိပ်၍ သေကြ၏။ ဆင်းရဲသားတို့သည် ရေငတ်၍ ပူဆွေးလျက် ရှိကြ၏။
14
ထိုကြောင့်၊ မရဏာနိုင်ငံသည် မိမိလောဘကို ကျယ်စေ၍ မိမိပစပ်ကိုအတိုင်းအရှည်မရှိဘဲ ဖွင့်ဟ သဖြင့်၊ သူတို့၏ ဂုဏ်အသရေအလုံးအရင်း၊ အသံဗလံပြု ခြင်း၊ ရွှင်လန်းခြင်းတို့သည် ဆင်းမြုပ်ရကြ၏။
15
ယုတ်သောသူလည်း ဦးနှိမ့်ခြင်း၊ မြတ်သော သူလည်း ရှုတ်ချခြင်းကိုခံရ၍၊ မာနကြီးသော သူတို့၏ မျက်နှာလည်းပျက်ရ၏။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options