Skip to content
ဒံယေလအနာဂတ္တိကျမ်း 7:28

ဒံယေလအနာဂတ္တိကျမ်း 7:28

အနီးပတ်ဝန်းကျင် အကြောင်းအရာနှင့်အတူ အခန်းငယ် 28 ကို ပြသနေသည်။
25
အမြင့်ဆုံးသော ဘုရားကို ဆန့်ကျင်ဘက်ပြု၍၊ ကြီးစွာသော စကားကို ပြောလိမ့်မည်။ အမြင့်ဆုံးသော ဘုရား၏သန့်ရှင်းသူတို့ကို ညှဉ်းဆဲနှိပ်စက်လိမ့်မည်။ ကာလအချိန်နှင့်ပညတ်တရားတို့ကို ပြောင်းလဲစေခြင်းငှါ ကြံစည်လိမ့်မည်။ တကာလ၊ နှစ်ကာလ၊ ကာလတဝက် ပတ်လုံး သူသည် အခွင့်ရလိမ့်မည်။
26
ထိုနောက်မှ တရားစီရင်ခြင်း ဖြစ်လိမ့်မည်။ ထိုအခါသူ၏ တန်ခိုးအာဏာကို နှုတ်၍ရှင်းရှင်း ဖျက်ဆီး ကြလိမ့်မည်။
27
ကောင်းကင်အောက်၌ နိုင်ငံနှင့်တကွ အာဏာ စက် ဘုန်းတန်ခိုးရှိသမျှကို အမြင့်ဆုံးသော ဘုရား၏ သန့်ရှင်းသော အမျိုးသားတို့သည် ရကြလိမ့်မည်။ ထို ဘုရားသခင်၏ နိုင်ငံတော်သည် ထာဝရနိုင်ငံဖြစ်၏။ မင်းကြီး အပေါင်းတို့သည် တိုးဝင်၍ ကျွန်ခံရကြလိမ့်မည်။
28
ဤရှေ့ကား အနက်အဓိပ္ပါယ်ပေတည်းဟု ဆိုလေ၏။ ငါဒံယေလသည် စိတ်ပူပန်ခြင်းသို့ရောက်၍ မျက်နှာညှိုးငယ်ခြင်းရှိ၏။ သို့သော်လည်း မြင်ရသော အာရုံများကို စိတ်နှလုံးထဲ၌သိုထား၏။
Settings

Reading Style

Typeface

Font Size 19px

Options